မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး စီးပွား ရေးဌာနတို့က ပူးပေါင်းကျင်းပတဲ့ မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၂၄ ကို နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက ရန်ကုန်ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပခဲ့ပါတယ်၊၊ ပြပွဲကိုတော့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာပြပွဲခန်းမမှာ နိုဝင်ဘာ လ ၂၆ ရက်ကနေ ၂၈ ရက်အထိ မနက် ၉ နာရီခွဲအချိန်ကစ တင်ပြီး ၃ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်၊၊

ပြပွဲမှာ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့က ကုန်ပစ္စည်းတွေကို ပြခန်းပေါင်း(၁၂၀)ခန့်နဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် ပေါင်း (၉၇)ခုကို ပြသခဲ့ပြီး လူသုံးကုန်၊ စားသောက်ကုန်၊ စက်မှုနဲ့ အိမ်သုံးမီးအားမြှင့်စက်တွေ၊ ကြွေထည်နဲ့ မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး၊ ဖိနပ်၊ အိုင်တီနည်းပညာနဲ့ လယ်ယာထွက်ကုန်ပစ္စည်းအပြင် ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက လက်မှုအနုပညာပစ္စည်းတွေ၊ မြန်မာအမျိုးသမီးများ စီးပွားရေးကွန်ရက်မှာပါဝင်တဲ့ MSME လုပ်ငန်းတွေက ထုတ်ကုန်အမယ်သစ်တွေ ပါဝင်ပြသနေတာ ဖြစ်ပါတယ်၊၊