ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇူလိုင် ၄ ရက်ကစပြီး စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ အောက်တိန်း 92 တစ်လီတာကို ကျပ် ၈၅၀၀ ကနေ ကျပ် ၁၀၀၀၀အထိ ဈေးမြင့်တက်လာတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဇူလိုင် ၁ ရက်ကနေ ၃ ရက်အထိ စက်သုံးဆီအရောင်းဆိုင်ကြီးတွေအားလုံး ပိတ်ထားခဲ့ပြီး ဇူလိုင် ၄ ရက်ကစလို့ ဆိုင်တွေ ပြန်ဖွင့်တဲ့အချိန်မှာ အခုလို ဈေးတက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
မြစ်ရေကြောင့် ဆိုင်တွေ မပိတ်ခင်က တစ်လီတာကို ၃၅၀၀ ကျပ်နဲ့ရောင်းနေရာကနေ ဆိုင်တွေပြန်ဖွင့်တဲ့အချိန်မှာ ဈေးမြင့်တက် ရောင်းချနေကြတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို စက်သုံးဆီဈေးတွေ အဆမတန် မြင့်တက် သွားတဲ့အတွက် အခြေခံအိမ်ထောင်စုတွေ အခက်တွေ့နေရတယ်လို့ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက် မှာနေတဲ့ ပြည်သူတစ်ယောက်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ စက်သုံးဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းထားရှိပြီး တရားဝင်ရောင်းချခွင့် ရရှိထားတဲ့ ဆိုင်ကြီး တွေက ဈေးနှုန်းတွေ မြင့်တက်ရောင်းချလာတာကြောင့် စစ်ဆေးအရေးယူမှုတွေ ပြုလုပ်ဖို့ ဒေသခံ ပြည်သူတွေက တောင်းဆိုနေကြတယ်လို့လည်း သိရပါတယ်။