မုံရွာစျေးကွက်မှာ ကွမ်းရွက်စျေးက တစ်ပိဿာ ကျပ် ၃ သောင်းဝန်းကျင်အထိရှိနေပြီး ဈေးအမြင့်ဆုံးကိုရောက် နေတယ်လို့ ကွမ်းစိုက်တောင်သူတွေဆီကနေ သိရပါတယ်။ အခုဖြစ်ပေါ်နေတဲ့ ကွမ်းရွက်ဈေးက ၁၀ စုနှစ်အတွင်း အမြင့်ဆုံးဈေး လည်းဖြစ်တယ်လို့ ဆိုပါတယ်။
ကွမ်းစိုက်ပျိုးချိန်မှာ ရာသီဥတုဖောက်ပြန်တဲ့အတွက် မှိုရောဂါဖြစ်ပြီး ကွမ်းအထွက်နည်းတာကြောင့် အခုလိုဈေး တွေမြင့် တက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကွမ်းရွက်ခူးဆွတ်ချိန်မှာ ထွက်နှုန်းက အရင်နှစ်ကထက် တစ်ဝက်လောက် လျော့နည်းသွားပြီး နောက်လာမယ့် တစ်လ နှစ်လလောက်အထိ ကွမ်းဈေးမြင့်နေဦးမယ်လို့ တောင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။