မကွေးမြို့ရှိ ဈေးတွေမှာ ရှမ်းပြည်က မှာယူရောင်းချနေတဲ့ ခရမ်းချဉ်သီးတွေဟာ အရင်ကဈေးကြီးနေရာကနေ အခုလက်ရှိမှာဈေးပြန်လည်ကျဆင်းသွားတယ်လို့ခရမ်းချဉ်သီးရောင်းချသူတွေက ပြောပါတယ်။

အခုလက်ရှိမှာ ခရမ်းချဉ်သီးတစ်ပိဿာကို ကျပ် ၇၀၀၀ ဝန်းကျင်ဈေးနဲ့ရောင်းချနေရပြီး အရင်ရက်ပိုင်းတွေက တော့တစ်ပိဿာကိုကျပ်(၈၀၀၀)ကနေ(၉၀၀၀) အထက်ထိရှိခဲ့ပြီး ယခုကျပ်တစ်ထောင်ဝန်းကျင်ဈေးပြန်ကျ ဆင်းတယ်လို့သိရပါတယ်။ခရမ်းချဉ်သီးဈေးက အကျဘက်မှာရှိပေမယ့် နှစ်တိုင်းလိုရောင်းအားမကောင်းဘူးလို့ ခရမ်းချဉ်သီးရောင်းသူ မအေးနွယ်စိုးက ပြောပါတယ်။

အရင်နှစ်တွေက အခုလိုကာလမျိုးမှာ ခရမ်းချဉ်သီးဈေးဟာ အမြင့်ဆုံးဈေး ၄၀၀၀ ကျပ်ဝန်းကျင်ပဲ ရှိခဲ့တာပါ။ အခု နှစ်မှာတော့ ခရမ်းချဉ်သီးဈေးဟာ တစ်ပိဿာကို ကျပ်ကိုးထောင်လောက်ထိ ရောက်ရှိခဲ့ပြီး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုဒီဇင်ဘာလကုန်ဆိုရင် မကွေးတိုင်းအတွင်းက ခရမ်းချဉ် သီး၊ ပန်းမုန်လာနဲ့ဂေါ်ဖီတွေ ထွက်ရှိတော့မှာဖြစ်တဲ့အတွက် အခုကာလမှာ ရှမ်းကုန်စိမ်းဈေးတွေ ပုံမှန်ဈေးကျ နေကြဖြစ်တယ်လို့ သိရပါတယ်။ ခရမ်းချဉ်သီးအပါအဝင် ရှမ်းကုန်စိမ်းတွေဟာ အကျဘက်မှာ ရှိနေပေမယ့် ဈေးကတော့ အရင်နှစ်ကနဲ့စာရင် မြင့်တက်နေဆဲ ဖြစ်ပါတယ်။