ဘဏ်တွေအနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားရှိတဲ့ လမ်းညွှန်မှုတွေနဲ့အညီ စည်းမျဉ်းတွေကို လေးစားလိုက်နာ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဘဏ်များအသင်းက ဇွန်လ ၂၇ ရက်မှာ သတင်းထုတ်ပြန် ပါတယ်။
မြန်မာနိုင်ငံဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ နိုင်ငံခြားဘဏ်တွေကလည်း သူတို့ရဲ့ သက်ဆိုင်ရာအာဏာ ပိုင်တွေရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေအရ မြန်မာနိုင်ငံဘဏ်တွေရဲ့ ကုန်သွယ်မှုအတွက် ငွေပေးချေမှုတွေကို ဆောင်ရွက်ပေးနေရာ ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုတွေ အလေးထား စိစစ်တာကို တိုးမြှင့်ဆောင်ရွက်မှု (EDD) လုပ်ငန်းစဉ်တွေ ပြီးစီးမှသာ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဘဏ်တွေဟာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) က သတ်မှတ်ထားတဲ့ အလေး ထားစိစစ်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ တောင်းဆိုတာခံရတဲ့ နိုင်ငံနဲ့ ဒေသစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက်လည်း FATF က သတ်မှတ်ပေးထားတဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရေးအစီအမံတွေကို သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန် ချက်အရ သိရပါတယ်။
ဒါ့အပြင် ဘဏ်တွေအနေနဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ် ငန်းတွေနဲ့ လူအများအပြားသေကျေစေတဲ့ လက်နက်တွေ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ် ငန်းတွေကို အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်နေပြီး လိုအပ်တဲ့ လုပ်ငန်းစဉ်တွေအတွက်လည်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ လမ်းညွှန်မှုတွေအရ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။