မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တစ်ဒေါ်လာကို ၃၅၉၁ ကျပ်နဲ့ ဒေါ်လာ ၂၅ သန်း၊ တစ်ဘတ်ကို ၁၃၀ ကျပ်ကျော်နဲ့ ဘတ် ၃ သန်းနီးပါးကို ဇန်နဝါရီလ ၆ ရက်က ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာပါ။

ဗဟိုဘဏ်က ဒေါ်လာ၊ ယွမ်နဲ့ ထိုင်းဘတ်တွေကို ထုတ်ရောင်းပေးတဲ့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ငွေ လဲနှုန်းတွေ ကျဆင်းလာသလို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက်လည်း အဆင်ပြေလာတယ်လို့ သိရပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီ ၂ ရက်မှာ FX Market Online Trading Paltform ကတစ်ဆင့် အမေရိကန်ဒေါ်လာ ၂၅ သန်းကိုလည်း ထုတ်ရောင်းပေးခဲ့တယ်လို့ သိရပါတယ်။