မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲနီးပါးနဲ့ ထိုင်းဘတ်သန်း ၈၀ ကို စက်တင်ဘာ ၄ ရက်ကထုတ်ရောင်းပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ FX Market Online Trading Platform ကနေ အခုစက်တင်ဘာလအတွင်း ပထမအကြိမ် ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကတော့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ရောင်းပေးခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့စီစဉ်ထားကြောင်း ဩဂုတ် ၁၄ ရက်ကထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ဒေါ်လာတွေဆက်တိုက်ထုတ် ရောင်းပေးနေတာဖြစ်တယ်လို့သိရပါတယ်။