မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးဖို့ စီစဉ်သွားမယ်လို့ ဩဂုတ် ၁၄ ရက်၊ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
အခုလို ပံ့ပိုးပေးတာကို နိုင်ငံခြားငွေကြေးဈေးကွက်ကနေတစ်ဆင့် စီစဉ်ထားတာဖြစ်ပြီး ဘယ်နေ့မှာ ဘယ်လိုပုံစံနဲ့ ပံ့ပိုးပေးမလဲဆိုတာကတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို လက်ရှိ ၇ ရာခိုင်နှုန်းကနေ ၉ရာခိုင်နှုန်းကို တိုးမြှင့်သတ်မှတ်လိုက်တယ်လို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘဏ်တွေကအပ်ငွေတွေအပေါ်ပေးရမယ့် အနည်းဆုံးအတိုးနှုန်းကို ၇ရာခိုင်နှုန်းနဲ့ ချေးငွေတွေအားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံးအတိုးနှုန်းကိုလည်း ၁၅ရာခိုင်နှုန်း သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။