ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနဲ့အခြားနိုင်ငံတွေကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ လအတွင်း အလုပ်သမားစုစုပေါင်း ၁၈၁,၈၉၉ ယောက်စေလွှတ်ခဲ့တယ်လို့ အလုပ်သမားညွှန်ကြားမှုဦိးစီးဌာန ကနေသိရပါတယ်။

ထိုင်းနိုင်ငံကို ၁၀၀၀၀၀ ကျော်နဲ့ အများဆုံး စေလွှတ်နိုင်ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံကို ၂၉၀၀၀ ကျော်၊ မလေးရှား နိုင်ငံကို ၁၈၀၀၀ ကျော်၊ စင်ကာပူနိုင်ငံနဲ့ ကိုရီးယာနိုင်ငံကို ၁၀၀၀၀ ကျော်စီနဲ့ အခြားနိုင်ငံတွေကို ၆၁၅၉ ယောက် စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီအစီအစဉ်နဲ့ဖြစ်စေ မိမိအစီအစဉ်နဲ့ဖြစ်စေ အလုပ်သမား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပြည်ပကို အလုပ်သမားစေလွှတ်ရာမှာ အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရရှိဖို့၊ ကောင်းမွန်တဲ့လုပ်ခလစာရရှိဖို့၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့၊ လုပ်သား ဈေးကွက်ကို ပိုမိုခိုင်မာအားကောင်းလာစေဖို့၊ လုံခြုံစိတ်ချတဲ့ ရွှေ့ပြောင်းသွားလာမှုဖြစ်စေဖို့နဲ့ လွယ်ကူလျင်မြန်စွာ သွားလာ နိုင်ဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ပြည်ပကိုစေလွှတ်တဲ့ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံကို ၁၀၀၀၀၀ ကျော်၊ မလေးရှားနိုင်ငံကို ၄၀၀၀၀ ကျော်၊ ဂျပန်နိုင်ငံကို ၂၈၀၀၀ ကျော်၊ စင်ကာပူနိုင်ငံကို ၁၇၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံကို ၁၁၀၀၀ ကျော်နဲ့ အခြားနိုင်ငံတွေကို ၅၀၈၃ ယောက် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။