ပေါ်ဆန်းမွှေးဆန်တွေကို အိမ်အရောက်ပို့စနစ်နဲ့ ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်က ဇွန်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်ကြေညာပါတယ်။
နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ လာမယ့် ဇူလိုင် ၁ ရက်ကစပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းတို့ ပူးပေါင်းဆောင်ရွက်မှု နဲ့ ပေါ်ဆန်းမွှေးဆန်တွေကို အိမ်အရောက်ပို့စနစ်နဲ့ ဖြန့်ဖြူးရောင်းချပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖြန့်ဖြူးရောင်းချမယ့် ဆန်အမျိုးအစားနဲ့ အိမ်အရောက်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၅၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို ၁၃၀၀၀၀ ကျပ် နဲ့ ဧရာဝတီပေါ်ဆန်း ၅ ပြည် တစ်အိတ်ကို ၂၆၅၀၀ ကျပ်နဲ့ ရောင်းချပေးမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အိမ်အရောက်ပို့စနစ်နဲ့ မှာယူလိုသူတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖော်ပြထားတဲ့ Viber ဖုန်းနံ ပါတ် ဒါမှမဟုတ် Email တွေကို ကြိုတင်ပေးပို့ဆက်သွယ်နိုင်ပြီး ငွေပေးချေမှုကို KBZ Pay ဒါမှမဟုတ် အခြား နည်းလမ်းနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မှာကြားတဲ့ နေ့ရက်နဲ့ ငွေပေးသွင်းပြီးတဲ့ အချိန်ကာလကစပြီး အများဆုံး ၃ ရက်အတွင်း အရည်အသွေးမှန် အလေးချိန်မှန် ဆန်အိတ်တွေကို လိပ်စာအတိုင်း အိမ်အရောက် ပေးပို့သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အခြားဆန်အမျိုးအစားတွေနဲ့ ထုပ်ပိုးမှုပုံစံအမျိုးမျိုး ကိုလည်း အိမ်အရောက်ပို့စနစ်နဲ့ ဖြန့်ဖြူးနိုင်ရေးကို တိုးချဲ့ ဆောင်ရွက်နိုင်ဖို့ စီစဉ်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူ ပြည်သူတွေအတွက် သက်သာတဲ့စျေးနှုန်းတွေ၊ သင့်တင့်မျှတတဲ့ ရည်ညွှန်ဈေးနဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနဲ့ ဧည့်မထဆန်တွေကို ဇွန်လ ၂၄ ရက်ကစပြီး ရန်ကုန်မြို့ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်မှာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။