မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဒုတိယနေ့ဖြစ်တဲ့ ဩဂုတ် ၁၃ ရက်မှာတော့ ပုလဲအတွဲပေါင်း ၁၇၇ တွဲ ရောင်းချခဲ့ရတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။

ပုလဲ ရောင်းချပွဲမှာတော့ ပုလဲအတွဲ ၂၃၀ ကို ရတနာကုန်သည်တွေက ကြည့်ရှုစစ်ဆေးကြကာ ဈေးနှုန်းတင်သွင်း လွှာတွေကို သက်ဆိုင်ရာ တင်ဒါပုံးတွေအတွင်း ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် တင်ဒါတင်သွင်း ထားတဲ့ ဈေးနှုန်းတင်သွင်းလွှာတွေကို တာဝန်ရှိသူတွေက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၇၇ တွဲ ရောင်းချခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပုလဲရောင်းချပွဲ တတိယနေ့ဖြစ်တဲ့ ဩဂုတ် ၁၄ ရက်မှာတော့ ပုလဲအတွဲ ၂၃၀ ကို ပြည်တွင်း ပြည်ပ ရတနာကုန် သည်တွေကို ဆက်လက်ရောင်းချပေးမှာ ဖြစ်ပါတယ်။

အခုကျင်းပတဲ့ မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲကို မဏိရတနာကျောက်စိမ်းခန်းမမှာ ဩဂုတ် ၁၂ ရက်ကနေ ၁၅ ရက်အထိ ကျင်းပနေတာဖြစ်ပြီး ပြပွဲမှာတော့ ပုလဲအတွဲပေါင်း ၇၀၀ ၊ ပုလဲအလုံးပေါင်း ၁၇၅၀၀၀ ကို ပြည်တွင်း ပြည်ပ ရတနာကုန်သည်တွေကို အိတ်ဖွင့် တင်ဒါစနစ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။