စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးနဲ့ဆေးပစ္စည်းတွေ တင်သွင်းတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ သန်း ရောင်းချပေးခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဇူလိုင် ၃ ရက်က Online Trading Platform မှာ နိုင်ငံခြားငွေတွေ ရောင်းဝယ် ဖောက်ကားတဲ့လုပ်ငန်း(AD)လိုင်စင်ရဘဏ်တွေကတစ်ဆင့် နိုင်ငံခြားငွေ ဝယ်ယူလိုကြောင်း တင်ပြလာတဲ့ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်း ရောင်းချပေးခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို Online Trading Platform ကတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးခဲ့ပါသေးတယ်။
အခုလို နိုင်ငံခြားငွေတွေ တရားဝင် ထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေဝယ်ယူရေး အခက်အခဲကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။