စက်တင်ဘာ ၁ ရက်ကစပြီး ပို့ကုန်ရငွေ တင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်တွေကို ခွင့်ပြုမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက် ရက်စွဲနဲ့ အသိပေးအကြောင်းကြားထား ပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနရဲ့ Trade Net 2.0 စနစ်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ လျှောက်ထားတဲ့ ဆေးဝါးသွင်းကုန် လိုင်စင်လျှောက်လွှာတွေကိုတော့ စနစ်အတွင်းကနေ ပယ်ဖျက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အကြောင်းကြားလာတဲ့အပေါ် အသေးစိတ်ညွှန်ကြားချက် မရသေးတဲ့အတွက် ဆေးဝါးဈေးကွက်မှာ ကောင်းကျိုး ဆိုးကျိုး ဘယ်လိုဆက်ရှိမလဲဆိုတာ ပြောလို့ မရသေးဘူးလို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ဝင်းမော်ဖြိုးက ပြောပါတယ်။

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကို ပေးပို့ထားတဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက လျှောက်ထားခဲ့တဲ့ ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာ ကုမ္ပဏီ ၁၁၆ ခုမှ စောင်ရေ ၇၁၆ စောင် စုစုပေါင်းတန်ဖိုး အမေရိ ကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကို အသင်းကနေ စိစစ်ပြီးချိန်မှာ ဆေးဝါးသွင်းကုန်လိုင်စင် လျှောက် လွှာအသစ်နဲ့သာ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီအစည်းအဝေးမှာ တင်ပြခွင့်ပြုချက်ရယူပြီး ဆေးဝါးသွင်း ကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးရမှာ ဖြစ်တယ်လို့ အသိပေးအကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
အဲဒါကြောင့် စက်တင်ဘာ ၁ ရက်ကစပြီး ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာတွေကို ပို့ကုန်ရငွေနဲ့ တင်ပြရမှာ ဖြစ်ပြီး ဆေးဝါးတင်သွင်းမယ့် ကုမ္ပဏီတွေကို ထပ်ဆင့်အသိပေးဖို့နဲ့ သွင်းကုန်လိုင်စင်လျှောက်ထားမှု Oil တွေကို လည်း Oil အသစ်နဲ့သာ ပြန်လည်လျှောက်ထားဖို့ အကြောင်းကြားထားတာ ဖြစ်ပါတယ်။