ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့အထက် ပြန်လည်ဝင်ရောက်ဖို့ကျန်ရှိတဲ့ ကုမ္ပဏီ ၂၈ ခုကို အမည်မည်းစာရင်း (Black List) ထည့်သွင်း သတ်မှတ်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဇွန်လ ၂၆ ရက်က အသိပေး ကြေညာပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်မှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ တွေအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လေးစားလိုက်နာရမယ့်အပြင် မိမိတို့ လုပ်ကိုင် ဆောင်ရွက်နေတဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ အခြားတည်ဆဲဥပ ဒေနဲ့ နည်းဥပဒေတွေကို လိုက်နာမှုမရှိကြောင်း တွေ့ရှိရင် မှတ်ပုံတင်အရာရှိက အများပြည်သူသိစေဖို့ ကြေညာ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့အထက် ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီ ၂၈ ခုကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှာ ဇွန်လ ၂၆ ရက်ကစပြီး အမည်မည်းစာရင်း (Black List) ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။
အမည်မည်းစာရင်း ထည့်သွင်းသတ်မှတ်ခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ Asia Whale Travels & Tours Company Limited ၊ Chengfang Company Limited ၊ Dawna Alin Company Limited၊ December Moe Company Limited ၊ JPM Myawaddy Company Limited ၊ Linn Wai Yan Company Limited စတဲ့ ကုမ္ပဏီတွေ ပါဝင် တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။