မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တစ်ဒေါ်လာ ၃၅၂၉ ကျပ်နဲ့ ဒေါ်လာ ၁၃ သန်းကျော်၊ တစ်ယွမ် ၄၉၈ ကျပ်ကျော်နဲ့ ယွမ် ၂ သန်းနီးပါးတို့ကို စက်တင်ဘာ ၃၀ ရက်က ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေရောင်းချပေးခဲ့တာပါ။

ဗဟိုဘဏ်က ဒေါ်လာ၊ ယွမ်နဲ့ ထိုင်းဘတ်တွေကို ထုတ်ရောင်းပေးတဲ့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ငွေလဲနှုန်းတွေ ကျဆင်းလာသလို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက်လည်း အဆင်ပြေလာတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကတော့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ရောင်းပေးခဲ့ပါသေးတယ်။