မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာသန်း ၃၀ နဲ့ ထိုင်းဘတ် ၂ သန်းကျော်ကို FX Market Online Trading Platfom ကတစ်ဆင့် ထုတ်ရောင်းပေးလိုက်တယ်လို့ ဒီဇင်ဘာ၊ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အမေရိကန်ဒေါ်လာသန်း၃၀ကို ငွေလဲနှုန်း ၃၅၈၇ ကျပ်နဲ့ ရောင်းချပေးခဲ့တာဖြစ်ပြီး ထိုင်းဘတ် ၂ ဒသမ ၁ သန်းကျော်ကို ငွေလဲနှုန်း ၁၂၉ ဒသမ ၅ ကျပ်နဲ့ ရောင်းချပေးခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ၊ ၁၇ ရက်ကလည်း အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်နဲ့ ထိုင်းဘတ်၈သိန်းကျော် ထုတ်ရောင်းပေးခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။