အခုလက်ရှိမှာ လျှပ်စစ်ပစ္စည်းအစားထိုး ဆိုလာအရောင်းဆိုင်တွေမှာ ဆိုလာတွေ ဝယ်လိုအားများနေပြီး ပစ္စည်း တွေကတော့ အလုံအလောက်မရရှိတာကြောင့် ပစ္စည်းပြတ်လပ်နေတယ်လို့ ဆိုလာရောင်းဝယ်ရေး တာဝန်ရှိသူ တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းက သင်္ကြန်အပြီးလောက်မှာ ဆိုလာပစ္စည်းပြတ်လပ်တာတွေရှိပေမယ် အခုနှစ်ကတော့ ဝယ်လိုအားများလာတာကြောင့် ပစ္စည်းတွေက လိုသလောက်ဝယ်လို့ မရတော့ဘူးလို့ YWA Engineering Company က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခုလက်ရှိမှာ ဆိုလာပစ္စည်းတွေ ဈေးနှုန်းအနည်းငယ် တက်လာတာတွေရှိပေမယ့် ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ရင် တော့ သိသိသာသာ တက်လာတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဈေးနှုန်းတွေအနေနဲ့ကတော့ အိမ်သုံးဆိုလာဆိုရင် ကျပ်သိန်း ၁၅၀ လောက်ကနေ သိန်း ၈၀၀ ဝန်းကျင်လောက်အထိရှိပြီး လုပ်ငန်းသုံး၊ ရုံးသုံးဆိုလာတွေကတော့ သိန်း ၃၀၀ လောက်ကနေ သိန်း ၁၅၀၀ လောက်အထိ ရှိတယ်လို့ သိရပါတယ်။