ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ ပြေးဆွဲနေတဲ့ ဆိုင်ကယ်ဘေးတွဲတွေကို ဖျက်သိမ်းပြီး မီနီအိုးဝေတွေနဲ့ အစားထိုးပြေးဆွဲဖို့ ညွှန်ကြားချက်ထုတ်ပြန်တာ မရှိသေးဘူးလို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
လက်ရှိမှာ ဒဂုံမြို့သစ်(၄)မြို့နယ်အပါအဝင် လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မြို့နယ်တချို့မှာ ဆိုင်ကယ်ဘေးတွဲတွေ ပြေးဆွဲခွင့်ပြုထားပြီး နောက်ပိုင်းကာလတွေမှာတော့ မီနီအိုးဝေတွေကို အစားထိုးပြေးဆွဲခွင့်ပြုဖို့ စီစဉ်နေကြောင်း သတင်းထွက်ပေါ်နေတဲ့အပေါ် တရားဝင်ညွှန်ကြားချက် မရှိသေးဘူးလို့ ပြောဆိုလိုက်တာပါ။

လက်ရှိမှာ ဆိုင်ကယ်ဘေးတွဲတွေကိုဖျက်သိမ်းပြီး မီနီအိုးဝေတွေနဲ့ အစားထိုးပြေးဆွဲဖို့ တရားဝင်ညွှန်ကြားထား တာမရှိသေးဘဲ ဆိုင်ကယ်ဘေးတွဲစာရင်းတွေကိုတော့ ကောက်ယူနေတာရှိတယ်လို့ တောင်ဒဂုံမြို့နယ်က ရပ် ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်က ပြောပါတယ်။ ဆိုင်ကယ်ဘေးတွဲတွေကို ဖျက်သိမ်းလိုက်မယ်ဆိုရင် မီနီအိုးဝေ ဝယ်ယူပြေးဆွဲနိုင်တဲ့သူဟာ နည်းပါးသွားမှာဖြစ်လို့ ဆိုင်ကယ်ဘေးတွဲမောင်းသူတွေ အခက်အခဲ ကြုံတွေ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆင်ခြေဖုံးမြို့နယ်တချို့မှာတော့ ဆိုင်ကယ်ဘေးတွဲတွေရော မီနီအိုးဝေတွေပါ ပြေးဆွဲနေတာရှိပြီး ဆိုင်ကယ် ဘေးတွဲတွေ ဖျက်သိမ်းဖို့ ညွှန်ကြားချက်တော့ မရှိသေးဘူးလို့ ရွှေပြည်သာမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်ကလည်း ပြောပါတယ်။ လက်ရှိ ဈေးကွက်ပေါက်ဈေးအရ မီနီအိုးဝေတစ်စီးကို ကျပ်သိန်း ၁၈၀ ကနေ သိန်း ၂၀၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး ဆိုင်ကယ်ဘေးတွဲတစ်စီးကတော့ ကျပ်သိန်း ၃၀ နီးပါးအထိ ဈေးရှိနေ တယ်လို့ သိရပါတယ်။ ဓာတ်ပုံ-CJ