ပြည်တွင်းမှာ ဆန်စပါးဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေကို ခေါ်ယူပြီး လိုအပ်တဲ့ မေးမြန်းဆွေးနွေးမှုတွေ ဆောင်ရွက်နေတယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ စားသုံးသူဈေးကွက်အတွင်း ပြည်တွင်းမှာ ဆန်စပါး ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပြည်တွင်းမှာ ဆန်စပါးဈေးနှုန်းတွေ အဆမတန်မြင့်တက်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ တွေက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေကို ခေါ်ယူပြီး လိုအပ်တဲ့ မေးမြန်းဆွေးနွေးမှုတွေ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဇွန်လအတွက် သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်းတွေကို သတ်မှတ်ထုတ်ပြန်ထားပြီး ဧည့်မထဆန် အုပ်စုကတော့ ကျပ် ၇ သောင်းကနေ ကျပ် ၇ သောင်း ၈ ထောင်ကျပ်၊ ရက် ၉၀၊ ပခန်း၊ အညာသား ဆန်အုပ်စု တွေကတော့ ကျပ် ၈ သောင်းခွဲကနေ ကျပ်ကိုးသောင်းထိ၊ ဧရာမင်း၊ ဧရာပဒေသာဆန်အုပ်စုတွေ ကတော့ ကျပ် ၉ သောင်းခွဲကနေ ကျပ်တစ်သိန်းထိ၊ ဧရာဝတီပေါ်ဆန်းတွေကတော့ ကျပ်တစ်သိန်း တစ်သောင်းကနေ ကျပ် တစ်သိန်း နှစ်သောင်းထိ၊ အခြားပေါ်ဆန်းတွေကတော့ ကျပ်တစ်သိန်းကနေ ကျပ်တစ်သိန်းတစ်သောင်းထိ၊ ကျားပျံအမျိုးအစားကတော့ ကျပ်တစ်သိန်းနှစ်သောင်းကနေ ကျပ်တစ်သိန်း သုံးသောင်းထိ နဲ့ ရွှေဘို ပေါ်ဆန်း ကတော့ ကျပ်တစ်သိန်း သုံးသောင်းခွဲကနေ ကျပ်တစ်သိန်း လေးသောင်းခွဲထိ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။