စီးပွားရေးနဲ့ပတ်သက်ပြီး တိုးတက်မှုနည်းပါးနေသေးတာကို တွေ့ရတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒီဇင်ဘာ ၃ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။
ကိန်းဂဏန်း အချက်အလက်တွေအရ အောင်မြင်မှုရနေရုံနဲ့ ကျေနပ်နေလို့မရဘဲ လက်တွေမြေပြင်မှာလည်း အမှန် တကယ်တိုးတက်မှုရှိဖို့လိုတယ်လို့ ဆိုပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေ မှန်ကန်မှုမရှိရင် စီမံကိန်းတွေ ရေးဆွဲရာမှာ မှားယွင်းမှုတွေဖြစ်ပေါ်စေနိုင်တာကြောင့် လက်တွေ့ကျတဲ့ စီမံကိန်းနဲ့ ပြည်သူတွေအပေါ် အမှန်တ ကယ် အကျိုးပြုနိုင်တဲ့ စီမံကိန်းတွေဖြစ်စေဖို့အတွက် စနစ်တကျအသေးစိတ်တွက်ချက်ရေးဆွဲဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။