မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဇန်နဝါရီ ၁၃ ရက်က အမေရိကန်ဒေါ်လာ ၂၅သန်း ထုတ်ရောင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲ့ဒီလိုရောင်းချရာမှာ ငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာကို ၃၅၉၂ ကျပ်နှုန်းနဲ့ ရောင်းချပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက်နဲ့ ၆ရက်နေ့တွေကလည်း အမေရိကန်ဒေါ်လာ ၂၅သန်းစီရောင်းချခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။