ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့ရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးဟာ ဇွန်လ ၁၄ ရက်မှာ အနည်းငယ်မြင့်တက်လာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၂၅၁၅ ကျပ်၊ အောက် တိန်း 95 တစ်လီတာကို ၂၆၄၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၃၀၅ ကျပ် နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၂၇၀၅ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ ဈေးနှုန်းဟာ ဇွန်လ ၁၃ ရက်နဲ့နှိုင်းယှဉ်ရင်တော့ 92 တစ်လီတာကို ၂၀ ကျပ်၊ 95 တစ်လီတာကို ၃၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၅၅ ကျပ်အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။