စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်တင်ဘာလ ၆ ရက်အတွက် စက်သုံးဆီ ဈေးနှုန်းတွေကိုထုတ်ပြန်ရာမှာ အရင်နေ့ကထက် ဈေးတွေမြင့်တက်သွားတာကိုတွေ့ရပါတယ်။
စက်တင်ဘာလ ၆ ရက်အတွက် ရန်ကုန်မြို့ရဲ့ အောက်တိန်း 92 တစ်လီတာကို ၃၂၁၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၃၅၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၇၁၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်တစ်လီတာကို ၃၃၉၅ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီဈေးနှုန်းတွေဟာ စက်တင်ဘာလ ၅ ရက်က ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ 92 တစ်လီတာကို ၁၁၅ ကျပ်၊ 95 တစ်လီတာကို ၁၁၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၅၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်တစ်လီတာကို ၁၀၀ ကျပ် အသီးသီးမြင့်တက်သွားတာ ဖြစ်ပါတယ်။
နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကမြို့ကြီးတွေရဲ့ စက်သုံးဆီရည်ညွှန်း လက်လီဈေးကလည်းအရင်နေ့ ပေါက်ဈေးထက် ထပ်မံမြင့်တက်လာတာကိုတွေ့ရပါတယ်။