အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း(MSME)လုပ်ငန်းတွေမှာ ကုန်ကြမ်းနဲ့ စျေးနှုန်းမတည်ငြိမ်မှုတွေကြောင့် အခက်အခဲတွေရှိတယ်လို့ (MSME)လုပ်ငန်းရှင်တွေကပြောပါတယ်။
အဲဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ဘဏ်တွေကကူညီထောက်ပံ့တာ ၊ ချေးငွေထုတ်ပေးတာ၊ MSME စျေးရောင်းပွဲတော် လုပ်ပေးတာ စတာတွေကိုလုပ်ပေးရင် MSME လုပ်ငန်းရှင်တွေအတွက် အဆင်ပြေနိုင်တယ်လို့ဆိုပါတယ်၊၊

လုပ်ငန်းတွေလုပ်ကိုင်တဲ့အခါမှာ ကုန်ကြမ်းရှားပါးမှုပြဿနာကို အဓိကကြုံတွေ့နေရပြီး စျေးနှုန်းတွေကလည်းမတည်ငြိမ်တဲ့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ MSME လုပ်ငန်းရှင်တချို့ကပြောပါတယ်၊၊
MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုန်ကြမ်းကနေ ကုန်ချောထုတ်လုပ်နိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေအတွက် ကူညီပံ့ပိုးမှုတွေလိုအပ်တယ်လို့လည်းဆိုပါတယ်။