ရန်ကုန်မြစ်အတွင်း လာမဲ့ဩဂုတ်(၂၃)ရက်ကနေ (၂၇)ရက်အထိ ထူးကဲဒီရေတက်ဖွယ်ရှိတယ်လို့ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက်ထုတ်ပြန်ပါတယ်။ ရန်ကုန်မြစ်အတွင်းမှာ အခြေခံရေစစ်မျဉ်းရဲ့အထက် အမြင့်ပေ ၂၀ ဒသမ ၀၈ ပေခန့်ကနေ ၂၀ ဒသမ ၅၇ ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ခုနှစ်တွေက ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းရဲ့အထက် အမြင့်ပေ ၂၂ ပေခန့်အထိ ထူးကဲဒီရေတက်ခဲ့ဖူးတာကြောင့် အခုထူးကဲဒီရေက စိုးရိမ်ဖွယ်ရာမရှိဘူးလို့ ဆိုပါတယ်။ထူးကဲဒီရေတက်နိုင်တာကြောင့် မြစ်ကမ်းနားအနီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ကြိုတင်သတိပြုနိုင်ဖို့ အခုလို အသိပေးထုတ်ပြန်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။