ရခိုင်ပြည်နယ်က မြို့နယ်အများအပြားမှာ ရေကြီး နစ်မြုပ်တာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြား ချက်အရ သိရပါတယ်။အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတာ လို့ ဆိုပါတယ်။

အဲဒီမြို့နယ်တွေမှာ ဇွန်လ နောက်ဆုံးပတ်ကစပြီး မိုးသည်းထန်စွာ ရွာနေတာဖြစ်ပြီး အခုအချိန်အထိ မြို့နယ် တချို့က ကယ်ဆယ်ရေးစခန်းတွေနဲ့ ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ရေကြီးနစ်မြုပ်တာကြောင့် နေအိမ်တွေ ပျက်စီးတာ၊ စပါးခင်းတွေ ပျက်စီးတာ၊ လမ်းတံတားတွေ ပျက်စီးတာတွေ ဖစြ်ပေါ်နေပြီး လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။လက်ရှိအချိန်မှာ ရေကြီးနစ်မြုပ်ပြီး ဆက်သွယ်ရေး ခက်ခဲနေတဲ့ မြို့နယ်တွေက ဒေသခံတွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး အဓိကကတော့ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ မျိုးစပါးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။