နွေရာသီမှာသောက်သုံးရေနဲ့ စိုက်ပျိုးရေးရှားပါးတဲ့စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးတွေက ကျေးရွာတွေမှာ ရေရရှိရေးအတွက် နှစ်အလိုက်စီမံချက်ချဆောင်ရွက်တာတွေကို အရှိန်မြှင့်တင် သွားဖိုလိုတယ်လို နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်ကပြောပါတယ်။ဇွန်လ(၉)ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၊ အစည်း အဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးမှာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ အဖြစ်လည်းတာဝန်ယူထားတဲ့ နိုင်ငံတော်သမ္မတက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

အချိုတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အချိုနေရာနေရာတွေမှာ နွေရာသီမိုးမကျမီကာလအတွင်း သောက်သုံး ရေပြတ်လပ်မှုတွေရှိနေဆဲဖြစ်တာကိုတွေ့ရပြီး မိုးများတဲ့ဒေသဖြစ်တဲ့ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ကမ်းရိုးတန်း ဒေသတွေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် အိမ်တိုင်းမှာတစ်ပိုင်တစ်နိုင် မိုးရေကိုစုဆောင်း သိုလှောင်ကြဖိုလိုအပ်တယ်လိုဆိုပါတယ်။အခုအခါမှာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်တွေရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် အပူချိန်မြင့်မားလာတာ၊ မိုးရွာသွန်းမှုပုံစံမမှန်တာ၊ မုန်တိုင်းတွေတိုက်ခတ်တာ၊ ရေကြီးတာ၊ မြေပြိုတာ၊ မိုးခေါင် ခြောက်သွေ့တာ၊ ရေရှားပါးတာနဲ့ ငလျင်လှုပ်တာစတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကမ္ဘာ့နေရာအနှံအပြားမှာ ဖြစ်ပေါ်ခံစားနေကြရတယ်လို နိုင်ငံတော်သမ္မတကပြောပါတယ်။

အခုနှစ်မှာအယ်လ်နီညိုပေါ်ပေါက်ဖို ဖြစ်နိုင်ခြေမြင့်မားနေတဲ့အတွက် ၂၀၂၆ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၂၇ခုနှစ် နှစ်လယ်ပိုင်းအထိ အပူဒဏ်လွန်ကဲတာ၊ မိုးခေါင်ရေရှားတာတွေဖြစ်လာနိုင်တဲ့အတွက် အဲဒါတွေကိုကာကွယ်နိုင်ဖို အခုကတည်းက ကြိုတင်ပြင်ဆင်ထားရမှာဖြစ်တယ်လို ဆိုပါတယ်။မိမိတိုဖွံဖြိုးဆဲနိုင်ငံအနေနဲ့ ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်တွေမှာ အခြားနိုင်ငံတွေထက် ပိုပြီးပြင်းထန်စွာခံစားရ နိုင်တဲ့အတွက်ကြောင့် လိုက်လျောညီထွေနေနိုင်ရေးကို ကြိုတင်သုံးသပ်စီမံထားဖိုလိုအပ်တယ်လိုလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်ကပြောကြားခဲ့ပါတယ်။



