စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေမှာ အမှန်တကယ် အလုပ်မလုပ်လို့သာ အောင်မြင်မှုမရရှိတာ ဖြစ်ပြီး အောင်မြင်အောင် လုပ်ဆောင်ရမှာဖြစ်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။မေ ၂၀ ရက်က ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယ နေ့မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ မွေးမြူရေးလုပ်ငန်းတွေကိုလည်း အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ အခြေခံကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပန်းတိုင်ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် လိုအပ်တဲ့ သွင်းအားစုတွေကို မှန်မှန်ကန် ကန် ဖြည့်သွင်းပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပြီး စိုက်ပျိုးရေး နည်းစနစ်တွေလည်း မှန်ကန်မှု ရှိရမယ်လို့ ပြောပါတယ်။ကမ္ဘာပေါ်မှာ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံများစွာရှိပြီး ကမ္ဘာ့ စတုတ္ထစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်နေသလို ဘရာဇီးလ်နိုင်ငံဆိုရင်လည်း ပဲပုပ်တင်ပို့မှု များပြားတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဲဒီနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ အောင်မြင်မှုတွေကို အတုယူ ဆောင်ရွက်မယ်ဆိုရင် မိမိတို့ အနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်း Argo-Base Industry ကို သွားနိုင်ဖို့အတွက် ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ဒါ့အပြင် ဝါကိုအခြေခံတဲ့ စက်မှုလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်သလို ဝါးကို အခြေခံတဲ့စက်မှုလုပ် ငန်းတွေကိုလည်း ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံမှာ ဝါးအရင်းအမြစ်များစွာ ရှိတဲ့အတွက် ဝါးပျော့ဖတ် ထုတ်လုပ်တာအပြင် ဝါးကြိတ်သား အသုံးအဆောင်ပစ္စည်းတွေ၊ စားသောက်ကုန် စတာတွေကို ဆောင်ရွက်သွား ကြဖို့ လိုအပ်တယ်လို့လည်း မှာကြားခဲ့ပါတယ်။