သမဝါယမအသင်းသား တောင်သူတွေကို (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်မှာ မိုးစပါး စိုက်ပျိုးနိုင်ဖို့အတွက် ဧကအလိုက် မျိုးစေ့နဲ့သွင်းအားစုတွေ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သမဝါယမဦးစီးဌာနကနေ သိရပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခုရဲ့ မြို့နယ်ပေါင်း (၁၁၇)မြို့နယ်မှာ ကျေးရွာ သမဝါယမအသင်းပေါင်း ၇၀၀ ကျော် ရှိပြီး အသင်းသားတောင်သူ (၂၀၁၉၄) ယောက်ရှိတာပါ။

အဲဒီ အသင်းသားတောင်သူတွေကို တစ်ဧကကို ငွေကျပ် နှစ်သိန်းခွဲနဲ့ ညီမျှတဲ့ မျိုးနဲ့သွင်းအားစုတွေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။အခုနှစ် မိုးစပါးဧကပေါင်း (၁)သိန်း(၆)သောင်းလောက်အတွက် ငွေကျပ် ဘီလီယံ(၄၀)ဖိုးလောက်ရှိတဲ့ ထောက်ပံ့ပစ္စည်းတွေ ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ သမဝါယမဦးစီးဌာနက သိရပါတယ်။