အခုနှစ်ဖရဲသီးပေါ်ချိန်မှာ ဖရဲသီးစျေးအမြင့်ဘက်မှာရှိနေတယ်လို့ ဖရဲသီးစိုက်ပျိုးရောင်းချသူတွေက ပြောပါတယ်။လက်ရှိမကွေးမြိုပေါ်ရှိ ဖရဲသီးစျေးကွက်မှာဖရဲသီးတစ်လုံးကိုအနည်းဆုံးစျေး၃ထောင်ကျပ်ကနေ အမြင့်ဆုံးစျေး၈ထောင်ကျပ်စျေးနဲ့ရောင်းချနေကြတာပါ။ မကွေးနယ်တစ်ဝိုက်မှာ ဖရဲသီးအမျိုးအစား၄မျိုးထွက်ရှိပြီး ကျောက်စိမ်းသီးနဲ့ကလေးသီးအမျိုးအစားကပိုရောင်းအားသွက်တယ် လိုဆိုကြပါတယ်။

အခုနှစ်က ဖရဲသီးစျေးကွက်ကောင်းတာဟာပစ္စည်းအထွက်နှုန်းနည်းတာကြောင့်ဖြစ်ပြီး လက်ရှိစျေးကွက်ကတော့ စိုက်ပျိုးတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်လို့ မကွေးမြို့နယ်က ဖရဲသီးစိုက်ပျိုးရောင်းချသူ မသီသီခိုင်ကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကဖရဲသီးတစ်လုံးကိုအမြင့်ဆုံးစျေး၅ထောင်ကျပ်သာရှိခဲ့ပြီး အခုနှစ်ကအမြင့်ဆုံးစျေး၈ထောင်ကျပ်ဖြစ်နေတဲ့အတွက်စျေးကွာဟမှုရှိပေမယ့် အခုနှစ်ကပိုရောင်းအားကောင်းတယ်လို့သိရပါတယ်။ မကွေးနယ်တစ်ဝိုက်မှာဖရဲသီးအများဆုံး ရောင်းချတဲ့ကာလဟာ တပို့တွဲလကနေ ကဆုန်လအထိရောင်းချကြတာဖြစ်ပါတယ်။