ပြည်တွင်းစားသုံးမှု ဖူလုံရေးနဲ့ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်ပေးနေတဲ့ ပြည်တွင်းစားသောက်ကုန် လုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးနဲ့ အားပေးမြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးကြရမှာ ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ဖေဖော်ဝါရီ ၁၉ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ မှာ ကျင်းပတဲ့ မြန်မာ့ စားသောက်ကုန် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်(၂၀၂၅)မှာ ပြောကြားခဲ့တာပါ။

မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိကစက်မှုလုပ်ငန်းတွေထဲမှာ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းအရေအတွက်ဟာ စုစု ပေါင်း (၂၃,၈၈၇)ခု ဖြစ်ပြီး ၄၉ ဒသမ ၆၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တာကို တွေ့ရသလို စက်မှုဇုန်တွေမှာ မှတ်ပုံ တင်ထားတဲ့ ပုဂ္ဂလိကစက်မှုလုပ်ငန်းတွေမှာလည်း စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းဟာ လုပ်ငန်းပေါင်း (၂,၀၀၄)ခုနဲ့ အများဆုံး ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ အဲဒီအပြင် ပြည်တွင်း မှာရှိတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းတွေဖြစ်တဲ့ MSME မှတ်ပုံတင် စာရင်းမှာလည်း MSME စုစုပေါင်း (၄၉,၀၂၅)ခု ရှိတဲ့အနက် စားသောက်ကုန်လုပ်ငန်းဟာ (၉,၉၈၄)ခုနဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အရေအတွက်များပြားပြီး အရေးပါတဲ့ စားသောက်ကုန်လုပ်ငန်းတွေကို သာမန်သဘောမထားဘဲ အလေးထားဖို့ လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်ဖို့ ဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင် တွေကို အားပေးမြှင့်တင်ပြီး နိုင်ငံတော်ရဲ့ စက်မှုထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။