အခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ရော်ဘာတန်ချိန် ၃ သိန်းခွဲကနေ ၃ သိန်း ၈ သောင်းဝန်းကျင် တင်ပိုနိုင်ဖို လျာထားတယ်လို မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကတော့ ပြည်ပကို ရော်ဘာတန်ချိန် ၃ သိန်းဝန်းကျင်သာ တင်ပိုနိုင်ခဲ့ပြီး ပိုကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ နီးပါး ရရှိခဲ့ပါတယ်။

နှစ်စဉ်ပြည်တွင်းသုံးစွဲမှုက ရော်ဘာတန်ချိန် ၂ သောင်းကျော်လောက်ရှိပြီး ပြည်ပကို တန်ချိန် ၃ သိန်းဝန်းကျင် တင်ပိုနေတာပါ။ ရော်ဘာကို ပြည်ပတင်ပိုရာမှာ တရုတ်ကို ၇၅ ရာခိုင်နှုန်း တင်ပိုနေပြီး မလေးရှား ၊ အင်ဒိုနီးရှား ဗီယက်နမ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေကိုလည်း တင်ပိုနေတယ်လို သိရပါတယ်။

မြန်မာ့ရော်ဘာကို ပြည်ပတင်ပိုမှုကနေ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း တစ်နှစ်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကနေ သန်း ၄၅၀ အကြား ရရှိခဲ့တဲ့အတွက် ရော်ဘာသီးနှံဟာ နိုင်ငံခြားဝင်ငွေ ရရှိဖိုအတွက် အရေးပါတဲ့ စက်မှုသီးနှံ ဖြစ်ပါတယ်။