မြန်မာနိုင်ငံက ဆိတ်အရှင်အကောင် ၁၅၀၀ ကို ပထမအသုတ်အနေနဲ့ မလေးရှားနိုင်ငံကို တင်ပို့ရောင်းချနိုင်ဖို့စီစဉ်ဆောင်ရွက်နေတယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကနေသိရပါတယ်၊၊
တင်ပို့မယ့်သူတွေအနေနဲ့ကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ အစိုးရဌာနအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး အချက်အလက်ပြည့်စုံတဲ့ ကုန်အမှာစာလက်ခံရရှိရေး ဆောင်ရွက်ဖို့လိုအပ်ပြီး သိုး၊ ဆိတ်တင်သွင်းမယ့်သူတွေက လျှောက်ထားလာတဲ့နေရာအပေါ် မူတည်ပြီး တိရစ္ဆာန်စုဆောင်းရပ်ကို စိစစ်သတ်မှတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်၊၊

တင်ပို့မယ့် သိုး၊ ဆိတ်တွေရဲ့ ကျန်းမာရေးလိုအပ်ချက်အစီအမံနဲ့အညီ ရောဂါရှစ်မျိုးကို စစ်ဆေးတာ၊ ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုးနှံတာနဲ့ တိရစ္ဆာန်အမှတ်အသားတပ်ဆင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး သတ်မှတ်အရည်အချင်းနဲ့ကိုက်ညီပြီး တိရစ္ဆာန်ကျန်းမာကြောင်းလက်မှတ်ရရှိမှသာ မလေးရှားနိုင်ငံက သတ်မှတ်ခွင့်ပြုထားတဲ့ လမ်းကြောင်းကတစ်ဆင့် တင်ပို့နိုင်မှာဖြစ်တယ်လို့သိရပါတယ်၊၊
လက်ရှိမှာ မလေးရှားနိုင်ငံကို ဆိတ်အရှင်အကောင် ၁၅၀၀ ကို ပထမအသုတ်အနေနဲ့ တင်ပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီး အခုနှစ်အတွင်းမှာတော့ ဆိတ်အရှင်အကောင်သုံးသောင်းအထိတင်ပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကနေသိရပါတယ်၊၊