မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဝါဂွမ်းတွေထဲက ပြည်တွင်းသုံးစွဲလို့ ပိုလျှံတဲ့ဝါဂွမ်းတွေကို နိုင်ငံတကာအရည် အသွေး သတ်မှတ်ချက်တွေနဲ့အညီ ထုတ်လုပ်တင်ပို့ဖို့ ဆွေးနွေးနေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ကနေ သိရပါတယ်။ပြည်တွင်းသုံးစွဲလို့ ပိုလျှံတဲ့ဝါဂွမ်းတွေကို နိုင်ငံတကာအရည် အသွေး သတ်မှတ်ချက်နဲ့အညီ ထုတ်လုပ် တင်ပို့နိုင် ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၆ ရက်နေ့က စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေး ခန်းမ မှာ ပြုလုပ်ခဲ့ပါတယ်။

ဝါသီးနှံမျိုးကောင်းမျိုးသန့်အသုံးပြုနိုင်ရေး ၊ ဝါဂွမ်း နဲ့ ချည်ကို ပိုမိုထုတ်လုပ် နိုင်ရေး ၊ ပြည်တွင်းသုံးပြီး ပိုလျှံရင် နိုင်ငံတကာဈေးကွက်ကို အရည်အသွေးနဲ့ စံချိန်စံညွှန်း ကိုက်ညီ စွာတင်ပို့နိုင်ရေးစတာ တွေကိုရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်တာဖြစ်ပါတယ်။ဒါကြောင့် ဝါဂွမ်းတင်ပို့နိုင်ဖို့အတွက်အစိုးရ – ပုဂ္ဂလိကကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ် တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အလုပ်ရုံဆွေး နွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုလျာထားချက်အနေနဲ့ အခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ဝါစိုက်ဧက ၆၄၀,၀၀၀ ကျော် နဲ့ ဝါဂွမ်း ၅၃၉,၆၅၆ တန် ထွက်ရှိဖို့လျာထားတယ်လို့ သိရပါတယ်။လက်ရှိထွက်ရှိနေတဲ့ ဝါကုန်ကြမ်းတွေကို ချည်ချောထည်တွေထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်ပကနေ ချည်ထည်တင်သွင်းရတာကို လျှော့ချနိုင်မှာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတစ်ချို့က သုံးသပ် ပါတယ်။ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသတွေဖြစ်တဲ့ စစ်ကိုင်း ၊ မန္တလေး ၊ မကွေး နဲ့ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွေမှာအဓိကစိုက်ပျိုးပြီး ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် ပြည်နယ်တွေ မှာရှိတဲ့ မြို့နယ်အချို့မှာလည်း စိုက်ပျိုးနေတယ်လို့ သိရပါတယ်။