အခုလာမယ့် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံကို မြန်မာ့ထောပတ်သီးတင်ပို့ခွင့် ရရှိဖို့အတွက် လိုအပ်တာ တွေ ပြင်ဆင်နေပြီလို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က သိရပါတယ်။မြန်မာ့ ထောပတ်သီးတွေကို တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) သတ်မှတ် ချက်တွေနဲ့အညီ လာမယ့် ထောပတ်သီးရာသီမှာ တရားဝင် စတင်တင်ပို့နိုင်ဖို့ ပြင်ဆင်လာကြတာဖြစ်ပါတယ်။

လက်ရှိမှာ GACC လက်မှတ် ရရှိဖို့အတွက် ထောပတ်သီးမှာ တွေ့ရတဲ့ အန္တရာယ်ရှိ ဖျက်ပိုးမွှား ၆ မျိုး စစ်ဆေးဖို့ အတွက် ထောပတ်ခြံပိုင်ရှင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ အပင် အာဟာရအတွက် အချိန်ကာလအလိုက် ထည့်သွင်း ရမယ့် အခြေအနေတွေကို ထောပတ်စိုက်ပျိုးမှု အများဆုံးဒေသတွေမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တောင်သူ တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။အခုနှစ် ထောပတ်သီးရာသီမှာ စင်ကာပူ ၊ မလေးရှား နဲ့ ထိုင်းနိုင်ငံ ဈေးကွက်တွေကို တင်ပို့ဖို့ လျာထားတယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။

တရုတ်ကို မြန်မာ့ထောပတ်သီး တရားဝင်တင်ပို့နိုင်ဖို့အတွက် (၂၀၁၉) ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအရ တရုတ်နိုင်ငံကို G to G စနစ်နဲ့ တင်ပို့နိုင်ဖို့ စီစဉ်နေတာဖြစ် တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံက ထွက်ရှိတဲ့ ထောပတ်သီးစိမ်းကို လတ်ဆတ်တဲ့ သစ်သီးဝလံအဖြစ် တင်ပို့နိုင်ဖို့အတွက် အန္တရာယ်ရှိ ဖျက်ပိုးတွေ လေ့လာအကဲဖြတ်တာကို အဝေးရောက်စနစ်နဲ့ လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးသွားမှာပါ။မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ် နဲ့ မန္တလေးတိုင်းဒေသကြီး တွေမှာ အများဆုံး စိုက်ပျိုးနေပြီး ထော ပတ်သီး ပေါ်တဲ့ ရာသီချိန်မှာ နှစ်စဉ် နိုဝင်ဘာကနေ ဇန်နဝါရီလအတွင်း ဖြစ်ပါတယ်။