ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈ သန်း တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန် တန်ချိန် ၁ ဒသမ ၄၄ သန်း နဲ့ ဆန်ကွဲတန်ချိန် ၁ ဒသမ ၀၄၄ သန်းကျော် တင်ပို့ခဲ့တာပါ။

ပြည်ပကို ဆန်နဲ့ဆန်ကွဲတင်ပို့မှုရဲ့ ပို့ကုန်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံ ရရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။မြန်မာနိုင်ငံကဆန်နဲ့ ဆန်ကွဲကို အင်ဒိုနီးရှားက အများဆုံးဝယ်ယူပြီး တရုတ်က ဒုတိယအများဆုံး ဝယ်ယူ နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းက ပြည်ပကို ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံတကာ ဝယ်လိုအားကျဆင်းနေသလို ပြည်တွင်းဝယ်လိုအားလည်း ကျဆင်းနေတဲ့အတွက် ဆန် စပါးဈေးကွက်အတွင်း ဧည့်မထနွေစပါး ဈေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။ ဒါ့ကြောင့် အခုနှစ် နွေစပါးပေါ်ချိန်မှာ စပါးဈေးနှုန်းတွေ ကျဆင်းတဲ့အတွက် စပါးတင်း သိန်း ၁၅၀ နဲ့ ဧည့်မထဆန်အိတ် ၄ သိန်းကို ဧပြီနဲ့ မေလတွေမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဝယ်ယူမယ်လို့ ထုတ်ပြန်ထားပါတယ်။