ကမ္ဘာ့ပြောင်းဈေးနဲ့ ထိုင်းနိုင်ငံမှာ ပြောင်းဈေးနှုန်းကျဆင်းနေတာကြောင့် ပြည်တွင်းဈေးကွက်မှာလည်း ပြောင်း ဈေးနှုန်း ကျဆင်းတယ်လို့ ပြောင်းဈေးကွက်ကနေ သိရပါတယ်။လက်ရှိမှာ မြန်မာ့ပြောင်းကို အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်ဈေးကွက်တွေကို မတင်ပို့နိုင်သေးဘဲ ထိုင်းဈေးကွက် တစ်ခုကိုပဲ တင်ပို့နေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဂုဏ်ထူးဆောင်နာယက ဦးမင်းခိုင်က ပြောပါ တယ်။

အမေရိကန်က စိုက်ပျိုးထွက်ရှိပြီး မျိုးရိုးဗီဇပြောင်းလဲထားတဲ့ပြောင်းအမျိုးအစား(GMO Corn)နဲ့ မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိပြီး မျိုးရိုးဗီဇပြောင်းလဲထားတာမရှိတဲ့ပြောင်းအမျိုးအစား(Non GMO Corn)တွေဟာ ဈေးနှုန်း ကွာဟမှုရှိပြီး GMO Corn တစ်တန်ဈေးက Non GMO Corn ထက် အမေရိကန်ဒေါ်လာ ၄၀ လောက်သက် သာတာကလည်း ထိုင်းကိုတင်ပို့နေတဲ့ မြန်မာ့ပြောင်းဈေးကွက်အပေါ် သက်ရောက်မှုရှိတယ်လို့ ဈေးကွက်ကျွမ်း ကျင်သူတချို့က ဆိုပါတယ်။ပြည်တွင်းမှာ အရည်အသွေးမြင့်ပြောင်းသန့်လက်ကျန်က နည်းနေပြီး ဈေးကျတဲ့အတွက် ပြည်တွင်း အစာစက် တွေက ဝယ်လိုအား တက်လာတယ်လို့ သိရပါတယ်။ဘုရင့်နောင်ကုန်စည်ဒိုင်စာရင်းတွေအရ ဇွန်လထဲမှာ ပြောင်းဆန်တစ်ပိဿာကို ကျပ် ၁၇၅၀ ကနေ ၁၇၇၀ အထိ ရှိခဲ့ရာကအနေ ဇူလိုင်လဆန်းမှာ တစ်ပိဿာကို ကျပ် ၁၇၃၀ ကျော် ၁၇၅၀ ကို ပြန်ကျလာတာ တွေ့ရပါတယ်။

ပြောင်းဆန်တစ်တန်ရဲ့ FOB ဈေးနှုန်းက အမေရိကန်ဒေါ်လာ၂၆၀ ကနေ ၂၇၀ ဝန်းကျင် ပေါက်ဈေး ရှိနေပါတယ်။ ပြောင်းဆန်ဈေးနှုန်း ကျဆင်းနေတယ်ဆိုပေမယ့် အခုနှစ်မှာ ဈေးကောင်းရတဲ့အတွက် ပြောင်းစိုက်တောင်သူတွေ က ပိုစိုက်လာကြလို့ အထွက်နှုန်းတိုးဖွယ်ရှိတယ်လို့လည်း ပြောင်းစိုက်တောင်သူတချို့က သုံးသပ်ပါတယ်။မြန်မာ့ပြောင်းဆန်တွေကို ထိုင်းနိုင်ငံကို အဓိကတင်ပို့ပြီး အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေကိုလည်း တင်ပို့ နေပါတယ်။ ထိုင်းနိုင်ငံဘက်က မြန်မာ့ပြောင်းတွေကို နှစ်စဉ် ဖေဖော်ဝါရီလကနေ ဩဂုတ်လကုန်အထိ ၇ လ အတွင်း အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့် ပြုထားပါတယ်။