ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီက စက်တင်ဘာလ ၁၆ ရက်ကနေ ၃၀ ရက်အထိ သတ်မှတ်ထားတဲ့ ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာရည်ညွှန်းဈေးတွေထုတ်ပြန်ရာမှာ အရင်အပတ်ကရည်ညွှန်းဈေးအတိုင်းပြောင်းလဲမှုမရှိတာကိုတွေ့ရပါတယ်၊၊
ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာရည်ညွှန်းဈေး တွေအနေနဲ့ ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလို တစ်အိတ်ကို (၈၃,၀၀၀) ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို (၁၁၅,၀၀၀) ကျပ်နဲ့ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို တစ်အိတ်ကို (၁၂၈,၀၀၀) ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်၊၊

လက်ရှိထုတ်ပြန်လိုက်တဲ့ စျေးနှုန်းတွေဟာ ရန်ကုန်အထိုင်ဈေးနှုန်းတွေဖြစ်ပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်တွေအပေါ် မူတည်ပြီး စျေးနှုန်းအနည်းငယ်ပြောင်းလဲမှုဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်၊၊
ရည်ညွှန်းစျေးတွေကို သတ်မှတ်ချက်တွေနဲ့အညီ ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ရည်ညွှန်းစျေးနှုန်းတွေနဲ့အညီ ရောင်းချတာမရှိရင် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းတွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့သိရပါတယ်၊၊