ငလျင်ဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြည်လည်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက ပြောပါတယ်။နေပြည်တော်မှာ မေ(၂၂)ရက်က ပြုလုပ်ခဲ့တဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင် အစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာပါ။

မန္တလေးငလျင်ကြီးကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေ ထိခိုက်ပျက်စီးခဲ့တဲ့ ဒေသတွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်နိုင်ဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ကော်မရှင်အဖွဲ့ဝင်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ၊ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ပတ်သက်တဲ့ အဖွဲ့ချုပ်တွေ ၊လုပ်ငန်းရှင်တွေအနေနဲ့ လမ်းညွှန်မှာကြားချက်တွေကို အလေးထားလိုက်နာဆောင်ရွက်ပြီး လိုအပ်ချက်တွေကို ဆွေးနွေးကြဖို့၊ ကော်မရှင်အနေနဲ့ မိမိတို့နိုင်ငံနဲ့သင့်တော်တဲ့ နည်းလမ်းနဲ့ စနစ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဦးတည်ပြီး ညှိနှိုင်းပေါင်းစပ် ဆုံးဖြတ်ကြဖို့လည်း ဗိုလ်ချုပ်ကြီးညိုစောက ပြောကြားခဲ့ပါတယ်။