မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ မေလ၃၁ရက် ညပိုင်းကစပြီး ရေဝင်ရောက်နေတယ်လို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲက ထုတ်ပြန်ပါတယ်။ရေဝင်နေတဲ့ရပ်ကွက်တွေမှာ မြစ်ကြီးနားမြိုနယ်မီးသတ်စခန်းက မီးသတ်တပ်ဖွဲတွေ၊ အရန်မီးသတ်တပ်ဖွဲဝင်တွေ၊ သက်ဆိုင်ရာအဖွဲအစည်းတွေနဲ့ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို ဆိုပါတယ်။

ဇွန်လ၁ရက် မနက်၇နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြိုမှာ စိုးရိမ်ရေမှတ်အောက် ၃ပေခွဲမှာရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ၁ရက် မနက်၈နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။အဲဒါကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို အသိပေးထားပါတယ်။