ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်ရှိ ဘီးလင်းဘုန်းကြီးကျောင်းတိုက်မှာ ဇူလိုင်လ (၂၇)ရက်မနက်ပိုင်းက အုတ်တံတိုင်းပြိုကျပြီး မော်တော်ယာဉ်(၆)စီးပေါ် ပိမိမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင်လ(၂၇)ရက်၊ မနက်(၁၁)နာရီ၊ မိနစ်(၂၀)အချိန်လောက်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်းတောင်ရပ်ကွက်၊ ကျွန်းတောလမ်းရှိ ဘီးလင်းဘုန်းကြီး ကျောင်းတိုက်မှာ အုတ်တံတိုင်းပြိုကျပြီး မော်တော်ယာဉ်(၆)စီးပေါ်ပိမိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားရာနေရာကို စမ်းချောင်းမြို့နယ်မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။
အဲဒီ အုတ်တံတိုင်းပြိုကျမှုဖြစ်စဉ်မှာ လူထိခိုက်မှုမရှိဘူးလို့လည်း ရပ်ကွက်နေပြည်သူအချို့ရဲ့ ပြောကြားချက်အရသိရပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့