ပြီးခဲ့တဲ့မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုက အပျက်အစီးတွေကို ရှင်းလင်းရေးဆောင်ရွက်နေရာမှာ ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးဆောင်ရွက်တဲ့နေရာမှာတော့ အခက်အခဲကြီးကြီးမားမားမရှိဘူးလို့ ဦးကျော်ကိုကိုက ပြောပါတယ်။ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မန္တလေးမြို့က Sky Villa ကွန်ဒို ပြိုကျပျက်စီးခဲ့ရာမှာ ဧပြီလ ၉ ရက်နေ့အထိ သေဆုံးသူ ၇၇ ယောက်ရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့ပြီး ၅၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။