အမေရိကန်ပြည်ထောင်စုရှိ နို့စားနွားတွေမှာကြက်ငှက်တုပ်ကွေးရောဂါပိုးပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) က ဖေဖော်ဝါရီလ ၅ ရက်နေ့ကထုတ်ပြန်ထားကြောင်း abc News ကဖေါ်ပြပါတယ်။မကြာမီကာလအထိ အမေရိကန်ရှိ နို့စားနွားတွေကို စစ်ဆေးလိုက်တဲ့အခါမှာ ကြက်ငှက်တုပ်ကွေး ဒါ မှမဟုတ် B3.13 လို့ လူသိများတဲ့ ကြက်ငှက်တုပ်ကွေးရောဂါတစ်မျိုး ကူးစက်ခံထားရတာကိုသာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အမေရိကန်နို့စားနွားတွေမှာ အခုကူးစက်ရတဲ့ D1.1 ကြက်ငှက်တုပ်ကွေး ရောဂါပိုးဟာ အရင်က တောရိုင်းငှက်တွေနဲ့ ကြက်တွေမှာသာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခုအခါ နို့စားနွားတွေမှာ ပထမဆုံးအကြိမ်ကြက်ငှက်တုပ်ကွေးရောဂါ ပိုးကူးစက်ခံရတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

D1.1 ရောဂါပိုးဟာ လူသားတွေမှာပါ ကူးစက်ခံရရင် အန္တရာယ်ရှိတယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက D1.1 ကူးစက်ခံထားရတဲ့ လူနာတစ်ယောက်တွေ့ရှိခဲ့ဖူးပါတယ်။D1.1 ရောဂါပိုး ကူးစက်ခံရတဲ့ အသက် ၆၅ နှစ်အရွယ် အဲဒီလူနာဟာ ရောဂါပိုး ပြင်းထန်တာကြောင့် သေဆုံးခဲ့ကြောင်း ကျန်းမာရေးအရာရှိတွေကပြောပါတယ်။