ဘရာဇီးနိုင်ငံကနေ ကြက်သားတင်ပို့မှုတားမြစ်ချက်ကို မက္ကဆီကိုက ဖြေလျှော့ပေးခဲ့ကြောင်း US News သတင်း မှာ ဖော်ပြထားပါတယ်။ အခုအခါ ဘရာဇီးနိုင်ငံ Rio Grande do Sul ပြည်နယ်က ထွက်ကုန်တွေကိုသာ ကန့်သတ်ထားတယ်လို့ မက္ကဆီကို စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

ဘရာဇီးနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်ခဲ့တာကြောင့် ဘရာဇီးနိုင်ငံကနေ ကြက်သား တင်ပို့မှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တားမြစ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါ ဘရာဇီးနိုင်ငံမှာ ရောဂါ ကူးစက်မှု ကျဆင်းသွားတာကြောင့် တားမြစ်ချက်တွေကို ဖြေလျှော့ပေးလိုက်တာပါ။ပြီးခဲ့တဲ့လက ဘရာဇီးနိုင်ငံ Rio Grande do Sul ပြည်နယ်က စီးပွားဖြစ် မွေးမြူရေးခြံတစ်ခုမှာ ကြက်ငှက်တုပ် ကွေးရောဂါ ဖြစ်ပွားမှု တွေ့ရှိခဲ့တာကြောင့် ဘရာဇီးရဲ့ ကြက်သားတင်ပို့မှုအပေါ် နိုင်ငံများစွာက ကုန်သွယ်မှု ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။