တိုက်ကြီးမွေးမြူရေးဇုန်အတွင်း လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရာမှာ ရင်းနှီးမတည်ငွေလိုအပ်ရင် ချေးငွေတွေ ချေးယူ ရရှိနိုင်တယ်လို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။မေ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းက တည်ဆောက်ဆဲ တိုက်ကြီးမွေးမြူရေးဇုန်ကို သွားရောက်ကြည့် ရှု စစ်ဆေးစဉ် အခုလို ပြောကြားခဲ့တာပါ။

မွေးမြူရေးဇုန်အတွင်း လုပ်ငန်းဖော်ဆောင်ရာမှာ ရင်းနှီးမတည်ငွေလိုအပ်ရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အရင်း မပျောက်မတည်ငွေ ၊ MSME ချေးငွေတွေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတွေကို ချေးယူရရှိ နိုင်တယ်လို့ ဆိုပါ တယ်။ ချေးငွေရယူမယ့် သူတွေအနေနဲ့ ချေးငွေတွေကို သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန် ပြန်လည် ပေးအပ်ကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။ဆက်လက်ပြီး တိုက်ကြီးမွေးမြူရေးဇုန်ကို ဒေသတွင်းသာမက Export ဆောင်ရွက်နိုင်တဲ့အထိ မျှော်မှန်းပြီး အပိုင်းလိုက် နှစ်အလိုက် စီမံချက်တွေချမှတ်ကာ စနစ်တကျအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီအပြင် မွေးမြူရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းရှင်တွေ၊ မွေးမြူရေးလုပ်ငန်းတွေ အဆင်ပြေ အောင် သက်ဆိုင်ရာဌာနတွေက ဆောင်ရွက်ပေးဖို့နဲ့ ဇီဝကာကွယ်မှုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ထားကြဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ပါတယ်။

မြေဧရိယာ ဧက ၂၁၀၀ ကျော်ရှိတဲ့ တိုက်ကြီးမွေးမြူရေးဇုန်မှာ မွေးမြူရေးလုပ်ငန်းတွေကို ၂၀၂၃ ခုနှစ် စက်တင် ဘာလ ၃ ရက်က စပြီး အပိုင်းအလိုက် စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ဇုန်အတွင်း လုပ်ငန်းရှင်တွေက နို့စားနွား၊ အသားစားနွား၊ ဥစားကြက်၊ အသားစားကြက်၊ ဘဲ၊ ငုန်း၊ ငန်း၊ အသားစား ကျွဲ၊ ဆိတ်၊ သိုး၊ ဝက်၊ ငါး၊ မျိုးဘဲမ၊ ဘဲနဲ့ ဇီဝစိုးငှက် မွေးမြူရေးလုပ်ငန်းတွေကို အကောင် အထည်ဖော်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ၇ ဒသမ ၃ သန်း ကျော်နေထိုင်ပြီး တိုင်းဒေသကြီးအတွင်းက ထုတ်လုပ်တဲ့ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေက မလုံလောက်လို့ တခြား တိုင်းနဲ့ ပြည်နယ်တွေက စိုက်ပျိုးမွေးမြူရေး ထုတ် ကုန်တွေကို အားထားနေရတယ်လို့ သိရပါတယ်။