မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ဈေးကွက်မှာ ဘိုကိတ်ပဲတွေ စျေးကောင်းရနေတယ်လို့ သီးနှံကုန်စည်ဒိုင်တွေနဲ့ သီးနှံမျိုးစေ့ရောင်းချသူတွေဆီကနေ သိရပါတယ်။
ဘိုကိတ်ပဲကိုပြည်တွင်းမုန့်လုပ်ငန်းတွေနဲ့ ပြည်ပ စျေးကွက်အဝယ်လိုက်နေတာကြောင့် ဈေးကောင်းရနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဘိုကိတ်ပဲစျေးဟာ အရင်ကပိဿာ၂၀ တစ်အိတ်ကို ကျပ် ၆၀၀၀၀ စျေးရှိခဲ့ရာကနေ အခု ကျပ် ၈၀၀၀၀ အထိ စျေးမြင့်တက်လာတာဖြစ်တယ်လို့ အောင်လံမြို့ မိဘမေတ္တာသီးနှံစုံရောင်းဝယ်ရေးလုပ်ငန်းက ဦးကိုနောင်က ပြောပါတယ်။
အောင်လံမြို့နယ်အတွင်းမှာ တောင်သူအများစုက ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံတွေနဲ့အတူ ဘိုကိတ်ပဲကိုလည်း စိုက်ပျိုး ကြတယ်လို့ သိရပါတယ်။