ပြောင်းလဲလာတဲ့ခေတ်ကာလအခြေအနေအရ ပြည်ပနိုင်ငံတွေနည်းတူ စပါးထွက်နှုန်းရလဒ်ကို ခန့်မှန်းနိုင်မယ့် နည်းပညာတွေကို အသုံးချနိုင်ဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိဆောင်ရွက်ရာမှာတော့ ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ်နဲ့ တွံတေးမြို့နယ်တွေမှာ ဂျပန်ပညာရှင်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
ဒီလိုဆောင်ရွက်မှုအတွက် ကုန်ကျမှုစရိတ်ကတော့ တစ်နှစ်မှာ တစ်ဧကကို အမေရိကန်ဒေါ်လာ ၁ ဒေါ်လာခန့် သာရှိတယ်လို့ သိရပါတယ်။ အလုပ်သမားရှားပါးလာတဲ့အပေါ်မှာလည်း စက်မှုလယ်ယာကဏ္ဍမှာ လိုအပ်ချက်ရှိ လာပြီး တောင်သူတွေ ရဲ့တောင်းဆိုမှုတွေလည်း များလာတယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ စက်မှုလယ်ယာကဏ္ဍမှာ AI နဲ့ Internet ot Team (IoT)ကိုအသုံးချပြီး အထွက်နှုန်းခန့်မှန်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အခုလိုဆောင်ရွက်တာဟာ ခိုင်မာတဲ့အချက်အလက်တွေ ရယူပြီး တောင်သူလယ်သမားတွေအတွက် သီးနှံအာမခံစနစ်ကို အထောက်အကူ ပြုဖို့ဖြစ်တယ်လို့ ဦးရဲမင်းအောင် က ပြောပါတယ်။