တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၆၀၁ ဒသမ ၆ ဧကရှိတဲ့နယ်မြေကို သရက်တောင်ကြီး ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် ဇွန်လ(၇)ရက် ကစပြီးသတ်မှတ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီဌာနက ထုတ်ပြန်ကြေညာ လိုက်ပါတယ်၊၊
ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေပေါကြွယ်ဝစေဖို့၊ လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ် ခံစားရမှုတွေကို သဘာဝတံတိုင်းကြီးတွေသဖွယ် ကာကွယ်ဖို့၊ ဒေသခံပြည်သူတွေအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန် စတဲ့ ရေသယံဇာတတွေစဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ဖို့နဲ့ ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ် မှု ပိုမိုကောင်း မွန်လာစေဖို့ ရည်ရွယ်ပြီး အခုလို ဖွဲ့စည်းသတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီရေတော အဓိကသစ်မျိုးတွေဖြစ်တဲ့ ဗြူးခြေထောက်၊ ကနစို၊ ပင်လယ်အုန်း စတဲ့သစ်မျိုးတွေနဲ့ သရော၊ သမဲ့ဖြူ၊ ဓနိပင် စတဲ့ ဒေသမျိုးရင်း ဒီရေတောသစ်မျိုးတွေကို ထိန်းသိမ်းနိုင်တာ၊ ဗျိုင်း၊ ကြက်တူရွေး၊ သိန်း၊ ရေကျီးကန်း စတဲ့ ငှက်မျိုးတွေရဲ့ နေရင်းဒေသကိုထိန်းသိမ်းနိုင်မှာ ဖြစ်တဲ့အပြင် သား၊ ငါး၊ ကဏန်း၊ ပုစွန်တွေ ရှင်သန်ပေါက်ပွားရာ ဂေဟစနစ်ပိုမိုကောင်းမွန်လာစေတာ၊ သဘာဝဘေး အန္တရာယ်မှ ကာကွယ်ပေးနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့ သိပါတယ်။