မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြင်းကင်းဆိပ်ကမ်းမှာ ဩဂုတ် ၂၈ ရက်က ဧရာဝတီမြစ်အတွင်း ငါးမျိုးအကောင်ရေ လေးသိန်း စိုက်ထည့်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။
ငါးသယံဇာတထိန်းသိမ်းမှုကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့၊ ငါးမျိုးပြုန်းတီးမှုမဖြစ်စေဖို့၊ သဘာဝရေပြင်မှာ ငါးမျိုးတွေစဉ်ဆက် မပြတ် တည်ရှိစေဖို့ငါးထုတ်လုပ်မှုတိုးတက်လာစေဖို့နဲ့ ဒေသခံပြည်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေရရှိစေဖို့အတွက် ဒေသနဲ့ကိုက်ညီတဲ့ငါးမျိုးတွေကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တွေရှိ ဧရာဝတီမြစ်၊ ချောင်းနဲ့ ဆည်တမံတွေအတွင်းကို ငါးမျိုးတွေစိုက်ထည့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ငါးမျိုးစိုက်ထည့်ရာမှာတော့ ကြီးထွားမှုနှုန်းမြန်ဆန်တဲ့ ငါးသားပေါက်ငါးခုံးမ အကောင်ရေ(၂)သိန်း၊ ငါးမြစ်ချင်းအကောင်ရေ (၁)သိန်းခွဲ၊ ရွှေဝါငါးကြင်းအကောင်ရေ(၅)သောင်း စုစုပေါင်းငါးမျိုးအကောင်ရေ(၄)သိန်း စိုက်ထည့်ခဲ့တာဖြစ်ပါ တယ်။
အခုနှစ်အတွင်း မကွေးတိုင်းဒေသကြီးမှာ ငါးမျိုးအကောင်ရေ စုစုပေါင်း(၁၀)သိန်း စိုက်ထည့်ဖို့လျာထားဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။