မကွေးတိုင်းဒေသကြီး၊ အောင်လံမြို ရှိဆီစက်လုပ်ငန်းရှင်တွေအနေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေ ပိုမိုထုတ်လုပ်ရောင်းချနိုင်ရေးအတွက် FDA ထောက်ခံချက်လက်မှတ်ရရှိရေးလျှောက်ထားသူ ပိုမိုများပြားလာတယ်လို ဆီစက်လုပ်ငန်းရှင်တွေထံကသိရပါတယ်။

အရင်က FDAအသိအမှတ်ပြုလက်မှတ် လျှောက်ထားရမှာကို မသိရှိဘဲ နောက်ပိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာတဲ့အတွက် လျှောက်ထားလာကြတာဖြစ်တယ်လို ဆိုပါတယ်။FDAအသိအမှတ်ပြလက်မှတ်ရဖိုအတွက် ဆီကြိတ်ခွဲထုတ်လုပ်တာတွေကို သတ်မှတ်ချက်တွေနဲ့ ဆောင်ရွက်ရတယ်လို အောင်လံမြိုက ဇမ္ဗူမြင့်ဆီစက်ပိုင်ရှင် ဦးဇော်လေးက ပြောပါတယ်။ အခုအခါ အောင်လံမြိုနယ်အတွင်းတစ်ပိုင်တစ်နိုင်ဆီစက်လုပ်ငန်းလုပ်ကိုင်သူဦးရေ ပိုမိုများပြားလာနေပြီးမြေပဲဆီနဲ့ နှမ်းဆီကိုကြိတ်ခွဲရောင်းချကြတာဖြစ်ပါတယ်။

FDAထောက်ခံချက်လက်မှတ်ရရှိတဲ့ဆီစက်တွေကထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့မြေပဲဆီတွေဟာ စျေးကွက်မှာဝယ်ယူစားသုံးသူပိုမိုများတယ်လို ဆိုပါတယ်။အခုအောင်လံမြိုမှာမြေပဲဆီတစ်ပိသာ၁၆၀၀၀ကျပ်စျေးနဲ့ နှမ်းဆီတစ်ပိသာ၁၅၀၀၀ကျပ်စျေးရှိပြီး မြေပဲဆီကိုအများဆုံးဝယ်ယူစားသုံးကြတယ်လိုဆီစက်လုပ်ငန်းရှင်တွေဆီကသိရပါတယ်။